7 May 2014
အစ္စလာမ် သာသနာရေးရာကောင်စီ ပေါ်ပေါက်လာပုံ
(၁) မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင်
အစ္စလာမ်သာသနာရောက်ရှိထွန်းကားခဲ့ပါသည်။
ရှေးမြန်မာမင်းများလက်ထက်က အစ္စလာမ်သာသနာ
သက်ဝင်ယုံကြည်သူ နိုင်ငံသားများကို ပသီများဟု
ခေါ်ဝေါ်ခဲ့ကြပါသည်။ ၄င်းအစ္စလာမ်သာသနာဝင်
ပသီများသည် အစ္စလာမ့်အဆုံးအမနှင့်အညီ
ဘာသာတရားကိုင်းရှိုင်းကြ၍သစ္စာရှိစွာ
အမူ့ထမ်းခဲ့ကြသဖြင့် မြန်မာမင်းများက
လုပ်မြေ၊နေမြေများချီးမြင့်ခြင်း၊၀တ်ပြုကိုးကွယ်ရန်အတွက်၊
ဗလီဝတ်ကျောင်းတော်များနှင့်သာသနိကအဆောက်အအုံများ
လှူဒါန်းခြင်းတို့ ဖြင့် မြှောက်စားချီးမြှင့်ခြင်းခံခဲ့ကြရပါသည်။
(၂) (၁၈၂၄)ခုနစ်တွင်ပထမအကြိမ်၊
(၁၈၅၂)ခုနစ်တွင် ဒုတိယအကြိမ်၊
(၁၈၈၅)ခုနစ်တွင် တတိယအကြိမ်၊
အင်္ဂလိပ်မြန်မာစစ်ပွဲများဖြစ်ကြပြီးနောက်
အင်္ဂလိပ်တို့ကမြန်မာနိုင်ငံတစ်ဝန်းလုံးအား
သိမ်းပိုက် အုပ်စိုးခဲ့ပါသည်။
ထိုစစ်ပွဲများတွင်လည်းကောင်း၊
ထိုစစ်ပွဲများပြီးနောက် မြန်မာမျိုးချစ်တို့၏
နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲများတွင်
လည်းကောင်း၊ အခြားတိုင်းရင်းသားညီနောင်များနည်းတူ
အစ္စလာမ်သာသနာဝင်များ ပါဝင်ခဲ့ကြပါသည်။
-
(၃) ၎င်းနောက် အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးအား
ကျွန်ပြုအုပ်ချုပ်ရာတွင် ၄င်းတို့၏ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက်
တိုင်းတစ်ပါးမှ အခြေချလိုသူ အမြောက်အမြားကို မြန်မာနိုင်ငံတွင်းဝင်ရောက်ခွင့်ပြုခဲ့ရာ ၀င်ရောက်လာသူတိုင်းတစ်ပါးသားများအနက်
အိန္ဒိယနိုင်ငံဖွား အစ္စလာမ်သာသနာဝင်များလည်းပါရှိခဲ့ပါသည်။
-
(၄) ၂၀-ရာစု အစပိုင်းတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည်
အမျိုးသားရေး စိတ်ဓာတ်များနိုးကြားလာစပြုကာ ဘာသာရေးအဖွဲ့
အစည်းများ ထူထောင်ဖွဲ့စည်းကြရာတွင် အစ္စလာမ်သာသနာဝင်တို့
သည်လည်း(၁၉၀၉)ခုတွင် အစ္စလာမ်ဘာသာဝင် ဗမာ မွတ်စ်လင်မ်
များအတွက်ဟူသောကြွေးကြော်သံဖြင့်အေရဟင်နှင့် ဟာဂျီဦးဘအို
(KIH)တို့ ဦးဆောင်၍ ဘားမားမွတ်စ်လင်မ်ဆိုစိုက်တီ(BURMA MUSLIM SOCIETY)အဖွဲ့ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
(၅) (၁၉၁၅)ခုနစ်တွင် မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာဝင်တို့၏
ပညာရေးမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာမွတ်စ်လင်မ်ပညာရေး
အဖွဲ့ချုပ်ကို ဖွဲ့စည်းကာ မြန်မာနိုင်ငံတစ်ဝန်းမြို့များတွင်အလှည့်ကျ
ပညာရေးကွန်ဖရင့်များ နှစ်စဉ်ကျင်းပခဲ့ပါသည်။
(၆) မြန်မာနိုင်ငံရှိတိုင်းရင်းသားများ အစ္စလာမ်သာသနာဝင်တို့က
အစ္စလာမ်ဘာသာရေးကျောင်းများတွင် မြန်မာဘာသာစာပေဖြင့်
သင်ကြားလိုကြခြင်းကို အစ္စလာမ်သာသနာနှင့် အိန္ဒိယယဉ်ကျေးမူ့ကို
ကွဲပြားစွာသုံးသပ်နိုင်စွမ်းမရှိသူ အစ္စလာမ်သာသနာဝင်အချို့တို့က
ဆန့်ကျင် ကန့်ကွတ်၍ အိန္ဒိယစာပေ(အူရ်ဒူစာ)၊ယဉ်ကျေးမူဓလေ့
ထုံးတမ်းများကို အတင်းအကြပ်သင်ကြားစေမူကြောင့် လည်းကောင်း၊
သန်းခေါင်စာရင်းကောက်ရာ မြန်မာနိုင်ငံတိုင်းရင်းသားအစ္စလာမ်
ဘာသာဝင်များကိုအိန္ဒိယနိုင်ငံဖွားစာရင်းထည့်သွင်းသည့်ကိစ္စနှင့်
ပတ်သက်၍လည်းကောင်း၊မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ တွဲရေးခွဲရေး
ကိစ္စတွင်မြန်မာနိုင်ငံတိုင်းရင်းသားအစ္စလာမ်သာသနာဝင်များက
ခွဲရေးဘက်ကထောက်ခံပြီး အိန္ဒိယနွယ်ဖွားအစ္စလာမ်သာသနာဝင်
များကတွဲရေးဘက်က ထောက်ခံခဲ့သဖြင့်လည်းကောင်း၊
(၁၉၂၉) ခုနစ်တွင် မြန်မာမွတ်စ်လင်မ်ပညာရေးအဖွဲ့ချုပ်အတွင်း
သဘောထားကွဲမူများအထွတ်အထိပ်ရောက်ရှိကာ (၁၉၃၀)ခုတွင်
တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များခွဲထွက်ပြီးဂျီစီင်္ဘီအမ်အေ
(THE GENERAL COUNIL OF BURMA MUSLIM ASSOCIATION) ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
(၇) (၁၉၃၈)ခုနစ် ဖေဖော်ဝါရီလ(၁၃)ရက်တွင်
တိုင်းတစ်ပါးသားတို့၏တိုင်းရင်းသားများအပေါ်
နိုင်ငံရေး၊ဘာသာရေး၊ လူမူရေး ၊ယဉ်ကျေးမူနယ်ပယ်များတွင်
လွှမ်းမိုးချယ်လှယ်နေခြင်းကို ရင်ဆိုင်အံတု၍
အမျိုးသားရေးဘာသာရေးများကိုဆောင်ရွက်ရန်အတွက်
ဗမာမွတ်စ်လင်မ်နိုးကြားရေးအဖွဲ့ချုပ်အား
မန္တလေးမြို့ ဥက္ကဋ္ဌ ဦးသိန်းမောင်(စကြာနွယ်စဉ်)၊
အတွင်းရေးမူး၊ဦးသန်းရွှေတို့ဦးဆောင်ဖွဲ့စည်းခဲ့ပါသည်။
(၈) (၁၉၄၁)ခုနှစ်တွင် ကျင်းပသော
ဗမာမွတ်စ်လင်မ်နိုးကြားရေးအဖွဲ့ချုပ်ညီလာခံ၌
မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းအုပ်ဆရာကြီး ဦးရာဇတ်
(အာဇာနည်ခေါင်းဆောင်ကြီး)ကို ဥက္ကဋ္ဌတင်မြှောက်ခဲ့ပါသည်။
(၉) ဒုတိယစစ်ကြီးပြီးသည့် (၁၉၄၅)ခုနစ်တွင်
(ဂျီဘီအမ်အေ)အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီှး။
ဗမာမွတ်စ်လင်မ်လူငယ်များအစည်းအရုံး (ဗ မ လ)ကို
ဖွဲ့စည်းခဲ့ပါသည်။ထိုနှစ်တွင်အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းက ယနေ့တိုင်းပြည်အခြေအနေသည်
တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရန် အလွန်လိုအပ်
နေသဖြင့် ဗမာမွတ်စ်လင်မ်များညီင်္ညီညွတ်ညွတ်နှင့်အဖွဲ့
အစည်းကြီးတရပ်ဖွဲ့စည်းကာ (ဖ-တ-ပ-လ)အဖွဲ့ကြီးတွင်
တပ်ပေါင်းစုအဖြစ်ပါဝင်ရန် တိုက်တွန်းချက်အရ
ဆရာကြီးဦးရာဇက်က ဦးဆောင်ဆော်သြ၍ (၁၉၄၅)ခုနစ်၊
ဒီဇင်ဘာ(၂၄)ရက်(၂၅)ရက်နှင့်(၂၆)ရက်တို့တွင်
ပျဉ်းမနားမြို့၌ ညီလာခံကြီးတရပ်ခေါ်ယူကျင်းပခဲ့ပါသည်။
(၁၀) ၎င်းညီလာခံကြီးသို့ မြန်မာနိုင်ငံတစ်ဝန်းမှ တစ်သီးပုဂ္ဂလ
မွတ်စ်လင်မ်ခေါင်းဆောင်များ၊ ဖွဲ့စည်းပြီးသော
(ဂျီစီဘီအမ်အေ)နှင့်(ဗ-မ-လ) အဖွဲ့တို့မှ ခေါင်းဆောင်များ
ပါဝင်တက်ရောက်စေ၍ အဖွဲ့ဟောင်းအားလုံးကိုဖျက်သိမ်းကာ
ဗမာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စ်လင်မ်ကွန်ဂရက် (ဗ-မ-က)
အဖွဲ့ကြီးကို ဆရာကြီးဦးရာဇတ်အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊
ဦးခင်မောင်လတ် ( နောင်တရားရေးဝန်ကြီးဌာန ၀န်ကြီးနှင့်
အစ္စလာမ်ကောင်စီ ဌာနချုပ်ဥက္ကဋ္ဌ) အား အထွေထွေအတွင်းရေးမှုးချုပ်
အဖြစ် လည်းကောင်း၊ တင်မြှောက်ဖွဲ့စည်းခဲ့ပါသည်။
( ဗ-မ-က ) အဖွဲ့ကြီးသည် ညီညွတ်သော တိုင်းရင်းသား
သာသနာ့ပညာရှင်များအဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာရေးအတွက်
(ဗ-မ-က)၏ဘာသာရေးမှူးမောင်လာနာဃာဇီမုဟမ္မဒ်ဟာရှင်မ်
(နောင်-အိုလမာ ဥက္ကဋ္ဌ ၊ အစ္စလာမ်ကောင်စီဥက္ကဋ္ဌ)ကို
လည်းကောင်း၊ စုစည်းညီညွတ်သော မွတ်စလင်မ်အမျိုးသမီး
အဖွဲ့ချုပ်ဖြစ်မြောက်ရေးအတွက် ဒေါ်စောရွှေ ၊ ဒေါ်သက်မေ၊
ဒေါ်မြမြတင်တို့အားလည်းကောင်း တာဝန်ပေးခဲ့ပါသည်။
(၁၁) ထိုသို့ (ဗ-မ-က) အဖွဲ့ကြီး၏တာဝန်ပေးချက်အရ
(၁၉၄၆) ခုနှစ်ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ရန်ကုန်မြို့၌
အမျိုးသမီးထုအစည်အဝေးကျင်းပပြီး ဗမာနိုင်ငံလုံးဆိုင်ရာ
ဗမာမွတ်စ်လင်မ်အမျိုးသမီးအဖွဲ့ချုပ်(ဗမအ)ကိုဥက္ကဋ္ဌ
ဒေါ်စောရွှေအား တင်မြေုာက်၍လည်းကောင်း၊
(၁၉၄၆)ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်တွင် သာစည်မြို့၌
သာသနာ့ပညာရှင်များ အစည်းအဝေးကြီး ကျင်းပ၍
ဥက္ကဋ္ဌဃာဇီမုဟမ္မဒ်ဟာရှင်မ်အား တင်မြှောက်၍
လည်းကောင်းဖွဲ့စည်းခဲ့ပါသည်၊ (အိုလမာအဖွဲ့ချုပ်သည်
၁၉၅၁ခုမေလတွင် ကျင်းပသော အိုလမာညီလာခံ၌
ရန်ကုန်မြို့ရှိ ဂျမီအသ်အဖွဲ့နှင့ပူးပေါင်းလိုက်ပါသည်။)
(၁၂) (ဗ-မ-က)အဖွဲ့ကြီးသည် (၁၉၄၆)ခုနှစ် ဇန်န၀ါရီလတွင်
ရွှေတိဂုံ အလယ်ပစ္စယံ၌ကျင်းပသည့် ဖ-ဆ-ပ-လ
ညီလာခံ၌စတင်ကာ လူမျိုးရေးအဖွဲ့အစည်းတစ်ရပ်အဖြစ်
(ဖ-ဆ-ပ-လ)တွင် တပ်ပေါင်းစုပါဝင်၍ မြန်မာ့လွတ်လပ်ရေး
ကြိုးပမ်းမှုတွင်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
(၁၃) (၁၉၄၈) ခုတွင် မြန်မာ့နိုင်ငံလွတ်လပ်ရေရရှိပြီးနောက်
နိုင်ငံတော်အစိုးရက ဘာသာသာသနာအသီးသီးအား
နှစ်စဉ် သာသနာ့ထောက်ပံ့ကြေးငွေချီးမြှင့်ရာတွင်
(ဗ-မ-က) သည် အစ္စလာမ်သာသနာဝင် တစ်မျိုးသားလုံးအား
ကိုယ်စားပြုသော်လည်း အမျုးသားရေးဆောင်ရွက်နေသော
အဖွဲ့ဖြစ်သဖြင့် သာသနာ့ထောက်ပံကြေး ငွေလက်ခံနိုင်ခဲ့ခြင်းမရှိပါ။
ကျန် ဘာသာရေးအဖွဲ့များသည်လည်း အစ္စလာမ်သာသနာဝင်
တစ်မျိုးသားလုံးကိုကိုယ်စားပြု၍ ထောက်ပံကြေးလက်ခံနိုင်ခဲ့ခြင်းမရှိပါ။
အိုလမာအဖွဲ့သည် သာသနာ့ပညာရှင်များကိုသာ ကိုယ်စားပြုခြင်း၊
အမျိုးသမီးအဖွဲ့သည် အမျိုးသမီးများကိုသာ ကိုယ်စားပြုခြင်း၊
လူငယ်အဖွဲ့သည် လူငယ်များကိုသာကိုယ်စားပြုခြင်းကြောင့်ဖြစ်သည်။
ထို့အတွက် အစ္စလာမ်သာသနာတော်အတွက် နိုင်ငံတော်က
ချီးမြှင့်သောသာသနာ့ ထောက်ပံကြေးငွေကို
(ဗ-မ-က)အဖွဲ့မှ အောက်ပါပုဂ္ဂိုပ်များအမည်ဖြင့်သာ ဘဏ်၌
ယာယီအပ်နှံ ငွေစာရင်းဖွင့်ထားခဲ့ရပါသည်။
(က) ဦးခင်မောင်လတ် (ထိုစဉ်က- ၀န်ကြီးတရားဝန်ကြီးဌာန)
(ခ) မစ္စတာ စူလတန် အဟ်မဒ် (ထိုစဉ်က- ပါလီမန်အမတ်)
(ဂ) ဒေါ်ခင်ခင် (ဆရာကြီးဦးရာဇတ်၏ဇနီး) (ထိုစဉ်က-ပါလီမန်အမတ်)
(ဃ) ဟာဂျီမ ဒေါ်စောရွှေ (ထိုစဉ်က-လူမျိုးစုလွှတ်တော်အမတ်)
(င) ဦးသန်ညွန့် (ထိုစဉ်က-ပါလီမန်အမတ်)
(၁၃) (၁၉၅၄)ခုနှစ်တွင် ဖ-ဆ-ပ-လအစိုးရက (ဗ-မ-က) အဖွဲသည်
ဘာသာရေးနှင့် နိုင်ငံရေးရောထွေးနေသည်ဟုအကြောင်းပြကာ
(ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းရန် အရေးဆိုလားပါသည်။
-
ထို့အပြင် အစ္စလာမ်သာသနာဝင်အားလုံးတို့ကို ကိုယ်စားပြု၍ အစ္စလာမ့်သာသနာရေးရာများကို
ဆောင်ရွက်သော နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်အဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းရန်လည်း တိုက်တွန်းလာသည် ။
ထိုသို့သောခြေအနေများကြောင့်-
(ဗ-မ-က)ဌနချုပ်မှ
ဥက္ကဋ္ဌ- ဦးခင်မောင်လတ်၊
အထွေထွေအတွင်းရေးမှူး-ဆရာဦးဘိုးချယ်၊
ဒေါက်တာဦးကျော်ညိမ်း၊
ဗမာမွတ်စ်လင်မ်အိုလမာအဖွဲ့ချုပ်မှ
ဥက္ကဋ္ဌ-မောင်လာနာအိဗ်ရာဟီမ်အဟ်မဒ် (မဇွာဟီရီ)၊
အထွေထွေ အတွင်းရေးမှူး-မောင်လာနာဃာဇီမုဟမ္မဒ်ဟာရှင်မ်၊
မောင်လာနာ မုဖ်သီမဟ်မူဒ်ဒါဝုဒ်ယူစွဖ်၊
ဗမာမွတ်စ်လင်မ်အမျိုးသမီးအဖွဲ့ချုပ်မှ
ဥက္ကဋ္ဌဟာဂျီမ ဒေါ်စောရွှေ
ဒေါ်စိန်စိန်၊
ဒေါ်သက်မေတို့သည်
(၁၉၅၄)ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့တွင်
(ဗမက)ဌာနချုပ်ရုံးခန်း၌ တွေ့ဆုံစည်းဝေး၍
ပြည်ထောင်စုမြန်မာနိုင်ငံတော်
အစ္စလာမ်သာသနာရေးရာကောင်စီအား
ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့ပါသည်။
၎င်းအစည်းအဝေးကို အိုလမာအဖွဲ့ချုပ်က
ဖိတ်ကြားခေါ်ယုရန် ညှိနှိုင်းသဘောတူဆုံးဖြတ်ခဲ့ပါသည်။
(၁၄) ထိုသို့ ညှိနှိုင်းဆုံးဖြတ်ချက်အရ
၁၉၅၄ခုနှစ်၊ ဒီဇင်ဘာလ၊ (၅)ရက်နေ့တွင်
ရန်ကုန်မြို့၊ကနေဒီလမ်း
( ကန်ရိပ်သာလမ်း၊ မင်္ဂလာတောင်ညွန်မြို့နယ်) ရှိ
ဇိနယ်စ္စလာမ်ယောကျာ်းလေးများဂေဟာ၌
အောက်ပါ ဗဟိုအမှုဆောင်များပါဝင်သော
ပြည်ထောင်စုမြန်မာနိုင်ငံအစ္စလာမ်သာသနာရေးရာကောင်စီအား
စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
(၁၉၅၄)ခုနစ်၊ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
ဗဟိုအမှုဆောင်အဖွဲ့
၁။ ဦးခင်မောင်လတ် (ထိုစဉ်-တရားရေးဝန်ကြီးဌာန၊၀န်ကြီး) - ဥက္ကဋ္ဌ
၂။ မောင်လာနာအိဗ်ရာဟီမ်အဟ်မဒ် -မဇွာဟိရီ - ဒုတိယဥက္ကဋ္ဌ
၃။ (သီရိပျံချီ အလ်ဟာဂ်ျ) မောင်လာနာ ဃာဇီ မုဟမ္မဒ်ဟာရှင်မ် - အတွင်းရေးမှူးချုပ်
၎။ အလ်ဟာဂ်ျဆရာကြီးအဗ်ဒုလ္လာဟ် - တွဲဖက်အတွင်းရေးမှူးချုပ်
၅။ ၀ဏကျော်ထင် ဦးဘအေး - ဘဏ္ဍရေးမှူး
၆။ ပါမောက္ခ ဆရာကြီးဦးကာ(ရန်ကုန်တက္ကသိုလ်-သင်္ချာဌာန) - စာရင်းစစ်
ရ။ (အလ်ဟာဂ်ျ) မောင်လာနာ မုဖ်တီ မဟ်မူဒ် ဒါဝုဒ် ယူစွပ် - ဗဟိုအမူဆောင်
၈။ ဦးရရှစ်(ထိုစဉ်-ကုန်သွယ်မူ-တိုးတက်ရေးဝန်ကြီဌာန၊၀န်ကြီး) - ဗဟိုအမူဆောင်
၉။ (ဇေယျကျော်ထင်) ဗိုလ်မူကြီးဘရှင် - ဗဟို အမူဆောင်
၁၀။သီရိပျံချီ ဦဘစိန် (တိုင်းမင်းကြီး) - ဗဟိုအမူဆောင်
၁၁။ဆရာဦးဘိုချယ် (ပါလီမန်အမက်) (နိုင်ငံဂုဏ်ရည်ပထမအဆင့်) - ဗဟိုအမူဆောင်
၁၂။ဒေါက်တာ ဦးကျော်ညိမ်း (မော်ကွန်ဝင်ဒုတိယအဆင့်) - ဗဟိုအမူဆောင်
၁၃။ဦးကိုကိုလေး (ထိုစဉ်က-စာရင်းစစ်ချုပ်) - ဗဟိုအမူဆောင်
၁၄။(၀ဏကျော်ထင်) (ဟာဂျီမ) ဒေါ်စောရွှေ (ပါလီမန်အမတ်) - ဗဟိုအမူဆောင်
၁၅။ဆရာမ ဒေါ်သက်မေ - ဗဟိုအမူဆောင်
၁၆။ဆရာမ ဒေါ်စိန်စိန် - ဗဟိုအမူဆောင်
၁၇။မစ္စတာ စုလ်တွာန် အဟ်မအ်(ပါင်္လီမန်အမတ်) - ဗဟိုအမူဆောင်
၁၈။(အလ်ဟာဂ်ျ) မောင်လာနာ မက္ကဆူဒ် အဟ်မဒ်ခန်း - ဗဟို အမူဆောင်
၁၉။မောင်လာနာ ဘရှီရုလ္လာဟ် (တာမွေဒါရုလ်အုလူမ်ကျောင်းအုပ်) - ဗဟိုအမူဆောင်
၂၀ ။စည်သူ ဦးဘကြွယ်(မန္တလေး) - ဗဟိုအမူဆောင်
၂၁။ဦးဘိုခိုင်(စစ်တွေ)(ပါလီမန်အမဟ်) - ဗဟိုအမူဆောင်
၂၂။ ဆရာကြီးပုံ (ရွှေဘို) (ဆားကုန်းအရဗီသိပ္ပံကျောင်းအုပ်) -ဗဟိုအမူဆောင်
၂၃။မောင်လာနာဂျမာလုဒ်ဒီန်(မန္မလေး) - ဗဟိုအမူဆောင်
၂၄။ဆရာကြီးဦးဂိုလာမ် (မော်လမြိုင်) - ဗဟိုအမူဆောင်
၂၅။မော်လာနာအိဗာဒုလ္လာဟ်(ကျောက်မဲ) - ဗဟိုအမူဆောင်
၂၆။ဆရာဦးသန်းဖေ(ပျဉ်းမနား-ကျောင်းအုပ်ဆရာကြီး) - (တိုးချဲ့ခန့်) ဗဟိုအမူဆောင်
၂၇။ဆရာကြီးခင်(မီတ္ထီလာ) ) - (တိုးချဲ့ခန့်) ဗဟိုအမူဆောင်
(၁၅) ထိုသို့အစ္စလာမ်ရေးရာကောင်စီ ဖွဲ့စည်းပြီးနောက်
(၁၉၅၅)ခုနစ် ဒီဇင်ဘာ(၂၆)ရက်နေ့တွင်ကျင်းပသော
(ဗ မ က)အဖွဲ့ကြီး၏(၈)ကြိမ်မြောက်ညီလာခံကြီး၌
ကိုယ်စားလှယ် ၀န်ကြီး ဦးကျော်ငြိမ်းတက်ရောက်၍
အစ္စလာမ်ရေးရာကောင်စီ ဖွဲ့စည်းပြီးဖြစ်သဖြင့်
သာသနာထောက်ပံ့ငွေများကို ယင်းကောင်စီသို့ လွှဲအပ်ပေးပြီး
ဖြစ်ကြောင်းနှင့် (ဗ-မ-က)အဖွဲ့ကြီးကို ဖျက်သိမ်းရန်
(ဖ-ဆ-ပ-လ)အဖွဲ့ချုပ်၏ သဘောထားကို တင်ပြခဲ့ပါသည်။
(၁၆) ၎င်းညီလာခံသို့ တက်ရောက်လာသူ ဗ-မ-က ကိုယ်စားလှယ်များက (ဗ-မ-က)အဖွဲ့ကြီးအား
ချက်ချင်းဖျက်သိမ်းခြင်းကို သဘောမတူဘဲ တဖြည်းဖြည်းနှင့်သာ ဖျက်သိမ်းသွားရန် ဆုံးဖြတ်ခဲ့သဖြင့်
(၂၉-၁၂-၁၉၅၅)ရက်တွင် ၀န်င်္ကြီးချုပ် ဦးနု ကိုယ်တိုင် ညီလာခံလူထု ရှင်းလင်းပွဲ ကျင်းပရာ ရန်ကုန်မြို့တော်
ခန်းမသို့လာရောက်၍(၁၉၅၆)ခုနစ် (၃၀)ရက်ကိုနောက်ဆုံးထား၍ (ဗ-မ-က)အဖွဲ့အား ဖျက်သိမ်းရန်နှင့်
နိုင်ငံရေးလုပ်လိုလျှင်(ဖ-ဆ-ပ-လ)အထဲကို ၀င်ပါ
သာသနာရေးလုပ်ချင်ရင် ကောင်စီကိုဝင်ပါ၊ဟု ပြောဆိုကာ
အပြီးသတ်ရက်သတ်မှတ်ညွန်ကြားခဲ့သဖြင့်
(ဗ-မ-က)၏ ငွေစာရင်းများအားလုံးကို အစ္စလာမ်သာသနာရေးရာကောင်စီသို့ လွှဲပြောင်းပေးအပ်၍
(ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းပေးခဲ့ရပေသည်။
Islamic Religious Affairs Council Myanmar FB စာမျက်နှာ ကူးယူဖော်ပြသည်။
Subscribe to:
Post Comments
(
Atom
)
Search This Blog
MMSY Online Quran App
Content
- Article (12)
- Children (4)
- Dictionary (2)
- Ethnic (1)
- Fatwa (2)
- Guide (1)
- Hadith (8)
- Hajj (8)
- Health And Food (4)
- Hijri (1)
- History Of Masjid and Madrasah (3)
- Interfaith (2)
- Language (5)
- LifeStyles (11)
- Masjid (2)
- Muslim From Myanmar (5)
- Myanmar Muslim Organization (4)
- New Muslims (1)
- Science (1)
- Stories (2)
- Sunnah (1)
- The Holy Prophet (11)
- Workshop (1)
- ကုရ်အာန် (21)
- ဆွလာသ် (6)
- ဆွီယာမ် (6)
- ဓမ္မသတ် (4)
- ဗမက (1)
- မဇ်ဟဗ် (1)
- မြန်မာမွတ်စလင်သမိုင်း (5)
- သဂ်ျဝီးဒ် (2)
- သမိုင်း (3)
- သုတစာပေ (4)
- အစ္စလာမ့် လူမှုသိပ္ပံစာစုများ (1)
- အတ္ထုပ္ပတ္တိ (6)
- သောင်ဟီးဒ် (3)
ရည်ရွယ်ချက်
MMSY Online Library ၏ ရည်ရွယ်ချက်
၁) မြန်မာစာပေဖြင့်ရေးသားထားသော အစ္စလာမ့် ရေးရာ/ မြန်မာမွတ်စလင် သမိုင်း စာအုပ် များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် မှတ်တမ်းတင်ထားရန်၊
၂) ကမ္ဘာတဝှမ်းရှိ မြန်မာစာအသုံးပြုသော အစ္စလာမ်ဘာသာဝင်အားလုံး အစ္စလာမ်ရေးရာ စာအုပ်စာပေများ တစုတစည်းထဲ လွယ်လင့်တကူ လေ့လာနိုင်ရန်၊
၃) စာတမ်းပြုစုသူများ/ ဘာသာ စာပေလေ့လာသူများ Reference Library အနေဖြင့် အသုံးပြုနိုင်ရန်၊
စသော ရည်ရွယ်ချက်များဖြင့် MMSY Online Library ကို ပြုလုပ်ထားပါသည်။
စာအုပ်များ စုစောင်းရာတွင် ဂိုဏ်းဂဏအစွဲ၊ အဖွဲ့စွဲဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ မှတ်တမ်းထိန်းသိမ်းမှု မူဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်သည်။
အစ္စလာမ်ရေးရာ၊ မြန်မာမွတ်စလင် သမိုင်းရေးရာ စာအုပ်များ Hard Copy,Soft Copy ပေးပို့လှူဒါန်းလိုလျှင် ဆက်သွယ်နိုင်ပါသည်။
အခက်အခဲ အမျိုးမျိုးကြောင့် MMSY Online Library တွင် စုဆောင်းထားသော စာအုပ်များမှ စာရေးသူဆရာများကို အစုံအစိ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိသည့်ကို ကံယံကံရှင်များမှ နားလည်ခွင့်လွှတ်စေလိုပါသည်။့် မိမိတို့ရေးသားထုတ်ဝေသည့် စာအုပ်အား အွန်လိုင်းတွင် တင်ခြင်းကို သဘောမတူပါက အကြောင်းကြားပေးပါက ပြန်လည်ဖြုတ်သိမ်းပေးသွားပါမည်။
Blog Archive
-
2014
(186)
- December (3)
- November (1)
- October (11)
- September (1)
- August (9)
- July (10)
- June (15)
-
May
(32)
- စူရဟ် ရဟ်မာန် ဘာသာပြန် (C.A.ဦးဗလွင်)
- ငါးပါးသခင် ဒါရ်ဂါတော်
- သမာဇီဝများကို လှီးစားခြင်း သုစရိတဖြစ်ကြောင်း
- လှည့်စားခံရသူတို့ အကြောင်း (အေမာမ်ဂဇ္ဇာလီ)
- မြန်မာ-မွတ်စလမ်-မျိုးစောင့် ဥပနိသျှကျမ်း
- အချို့ မွတ်စလင်မ်များတွင် ကိန်းအောင်းနေသော မှားယွင...
- ဖဇာအေလေ အအ်မာလ်ပေါင်းချုပ်၏ ခက်ဆစ် အဘိဓာန်
- ကုရ်အာန်ကို သဘောပေါက် နားလည်စွာ ရွတ်ဖတ်ဘို့ လိုအပ်...
- ဖွေကဟ်ဖြစ်ပေါ် ဖွံ့ဖြိုးတိုးတက်လာပုံ သမိုင်း (အစ္စလာ...
- အစွမ်းထက်သည့် စမုံနက်
- ရမ်ဿွာန် နှင့် ဗဒ်ရ်စစ်ပွဲ
- ဂျနာဇာဟ်၏ ပညတ်ချက်များ
- ပန်းဝါနွယ် မြန်မာကဗျာ ကစွီဒါများ
- မြန်မာနိုင်ငံနှင့် အစ္စလာမ် သာသနာ
- ကာဖိရ် ဖသ်ဝါ၏ အနိဌာရုံ စစ်တမ်း
- အစ္စလာမ့် စာပေဖြန့်ချီရေးဌာန တွင်ရရှိနိုင်သော အစ္စလာ...
- ဟလာလ် နှင့် ဟရာမ် ပြုပိုင်-မပြုပိုင် အခြေခံစည်းမျဥ...
- အစ္စလာမ် နှင့် သူတော်ကောင်း ကျင့်စဉ်
- အစ္စလာမ်နှင့် ကိုယ်ကျင့်တရား (စိတ်ကိုလေ့ကျင့် ပျိုး...
- ဟလာလ် ဟရာမ် စားပိုင် မစားပိုင် သတ္တဝါများ
- ဖဇာအေလေ ဆွဒကာသ် အတွဲ (၂)
- ဖဇာအေလေ ဆွဒကာသ် အတွဲ (၁)
- အစ္စလာမ် သာသနာရေးရာကောင်စီ ပေါ်ပေါက်လာပုံ
- အစ္စလာမ်၏ရှင်သန်မှု ဒဿနများ
- မိမိတို့၏ သက်တမ်းတွင် လက်လွှတ်မိခဲ့သော နမာဇ်၊ ရိုဇာ...
- ဆွဟာဗဟ်များ၏ ရွှေမျက်ရည်
- သမိုင်းကျမ်းဂန်များမှ တမန်တော်မုဟမ္မဒ်(ဆွ)
- ၁၅မိနစ် (သက်ကြီး) ကျမ်းမြတ်ကုရ်အာန် ဌာန်ကရိုဏ်းကျက...
- ဆွလာသ် ၀တ်ပြု တည်ဆောက်နည်း လမ်းညွှန်
- ရွှေဘိုသခင်ကြီးလေးပါး ရာဇဝင်နှင့် နန်းမျိုးနွယ်-၃၇၀...
- တမန်တော်မြတ်၏ သားတော်သမီးတော်များ
- စူရဟ်ယာစီးန်နှင့် စူရဟ်(၁၀)ပုဒ် အရဗီ၊ မြန်မာအသံထွက်
- April (65)
- March (39)
Popular Posts
- ကုရ်အာန်ကျမ်းမြတ်၏ အဌကထာကျမ်း - ဒုတိယတွဲ (သုခမိန် ဟာဂျီ ဦးလူ ဘာသာပြန်)
- သမုဒ္ဒရာအောက်မှ ပုလဲလုံးများ
- ကျမ်းတော်မြတ်ကုရ်အာန် အာရဗီ-မြန်မာ(ဘာသာပြန်) MP3 အသံဖိုင်
- ဓူဝံမှသည် ဘူမိဆီသို့
- ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်း (အစောင် ၁ - အစောင် ၃၀)
- အူရ်ဒူ မြန်မာ ခက်ဆစ်ပေါင်းချုပ် (အူရ်ဒူမူရင်း+မြန်မာအသံထွက်+မြန်မာအဓိပ္ပာယ်)
- လွယ်ကူစွာ နမာဇ်ဖတ်နည်း အရဗီ၊ အသံထွက်နှင့် အဓိပ္ပါယ်
- ကျမ်းတော်မြတ် ကုရ်အာန် မြန်မာဘာသာပြန် ( ၂ အုပ်တွဲ with Bookmarks)
- တမန်တော်မြတ် မုဟမ္မဒ်(ဆွ)၏ ဆီရသ် အတ္ထုပ္ပတ္တိ ရှုထောင့် အထွေထွေနှင့် သ၀ဏ် စကား
- ဗိဒ်အသ် (Dr ဆောင်းလွင်အောင်)
Like us on facebook
© MMSY Online Library 2013 . Powered by Bootstrap , Blogger templates and RWD Testing Tool
No comments :
Post a Comment