22 Apr 2014
ပထမ ဗမာမွတ်စလင်များ
ပထမ ဗမာမွတ်စလင်များ (First Burmese Muslim)=============
M-Media မှ တဆင့် ကူးယူဖော်ပြသည်။
ရေးသားပြုစုသူ ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ်) B.A.(Honours), M.A., H.G.P., Ph.D.
ပညာရေး
၁)အမျိုးသားကောလိပ် ပထမဆုံးဝိဇ္ဖာရရှိခဲသည့်
အာဇာနည်ခေါင်း ဆောင်ကြီး ဆရာကြီး ဦး ရာဇတ် (၂၀ ဇနန် ဝါရီ ၁၈၉၈- ၁၉ ဇူလိုင် ၁၉၄၇)
၂)တက္ကသိုလ်သုံး ဝေါဟာရများကို ပထမဆုံးမြန်မာပြန်ဆိုသူများအနက် ပါဝင်ခဲ့သူ
ပါဠိပါမောက္ခ ဆရာကြီး အဟ်မဒ်ကာစင်မ် (B.A., B.Es.)
၃)ကျန်းမာရေးမှူးသင်တန်းကျောင်း စတင်တည်ထောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သူ
ဆရာဝန်ကြီး ဝဏ္ဏကျော်ထင် ဒေါက်တာဦးဘခက် (ဆမ-၃၅) (၂၉ မေ ၁၉၀၈–၂၂ ဇန်နဝါရီ ၂၀ဝ၄ )
၎)ရန်ကုန်တက္ကသိုလ်တွင် ကုန်ထုတ်ဓာတုဗေဒဌာန ပေါ်ပေါက်လာအောင် ဦးဆောင် ကြိုးပမ်းခဲ့သူ
ပါမေက္ခ ဦးအောင်ခင် (၂၁ ဧပြီ ၁၉၁၈- ၈ မေ ၁၉၁၇ )
၅)ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ်
ဒေါက်တာတင်မောင်
တိုင်းကျိုးပြုရေး
၆)ပထမကျောင်းသား သပိတ်ခေါင်းဆောင်
ဦးဘရှင်(သံတွဲ) ဘီအက်စ်စီ အထက်အတန်း
၇)ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ(တ-က-သ) ပထမဆုံးဥက္ကဋ္ဌ
ဦးထွန်းစိန်(B.Sc.,B.L.)
၈)ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ-က-သ)ပထမဆုံး ဥက္ကဋ္ဌ
ဦးရာရှစ်
၉)ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူ
အငြိမ်းစားသံအမတ်ကြီး မဟာသရေစည်သူ ဦးဖေခင် (နိုင်ငံ့ဂုဏ်ရည်ပထမဆင့်) (၂၇ ဩဂုတ် ၁၉၁၂ – ၂၅ ဖေဖော်ဝါရီ ၂၀ဝ၄)
စာပေ၊ အနုပညာ၊ ဗိသုကာ
၁၀) မြန်မာစာပေနယ်တွင် အစောဆုံး ခရီးသွားမှတ်တမ်း
စာဆိုတော် ရွှေတောင်သာဂသူ ဦးနု၏ ဘင်္ဂလားသွားမှတ်တမ်း
၁၁)ပထမဆုံး ကာတွန်းဆရာကြီးနှင့် ဦးရွှေရိုးအက တီထွင်သူ
ဦးဘကလေး (ရွှေတလေး)
၁၂) မြန်မာစာပေလောက၌ ခေတ်မီစာအုပ်ထုတ်လုပ်မှုကို အစောဆုံးစတင်သူ
ပဉ္စရူပံ ဦးခ (၁၈၈၅-၁၉၆၀)
၁၃) အစောဆုံး စစ်မှတ်တမ်း ဘာသာပြန် စာအုပ်
တက္ကသိုလ် နန္ဒမိတ်၏ မြန်မာပြည် စစ်မြေပြင် (၁၉၆၅)
၁၄)အမျိုးသား စာပေဆု ပထမဆုံး ပြဇာတ်စာပေဆုရသူ
စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင်
၁၅) ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ
စာရေးဆရာ ချစ်ညို (၂၄ ဒီဇင်ဘာ ၁၉၂၄-၁၀ မေ ၁၉၈၇)
၁၆) ပထမဆုံး မြင်ကွင်းကျယ် ရုပ်ရှင်ကားမှ ရုပ်ရှင်မင်းသား
မင်းသား၊ ဒါရိုက်တာ၊ ဗိုလ်ကြီး ဒေါက်တာ မောင်မောင်တာ(ဟဂ်ျ) [Ph.d., M.A., FDMU (Dublin),DJ (Ygn)]
၁၇)မြန်မာ့ အရှည်ဆုံး အကြီးဆုံး သစ်သား တံတား
ဦးပိန်တံတား
လူ မှု ရေး
၁၈) လူမှုထူးချွန်ပထမဆင့် ကို ပထမဆုံးရရှိသူ အမျိုးသမီး
ဟာဂျီမ ပျဉ်း မနားဒေါ်ပု (၁၉၀၆-၁ ဖေဖော်ဝါရီ ၁၉၈၂)
၁၉)မြန်မာနိုင်ငံ၏ ပထမဆုံး သကြားစက်
အမှာစာ
ပထမ ဗမာမွတ်စလင်များဟူသည် မြန်မာပြည်၏ ကြီးပွားတိုးတက်မှုအတွက် မိမိတို့ရပ်တည်ရာ နယ်ပယ်အသီးသီး တွင် ပထမဦးဆုံး စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မြန်မာပြည်ဖွားပြည်ထောင်စုသား အစ္စလာမ် သာသနာဝင်များကိုရည်ညွှန်းလိုခြင်းဖြစ်သည်။ Pioneer ခေါ် စွန့်ဦး ဆောင်ရွက်ကြသူဟုလည်း ဆိုနိုင်သည်။ စာပေ၊ အနုပညာ၊ ဗိသုကာ၊ ပညာရေး၊ တိုင်းပြည်ပြုရေး၊ လူမှုရေး၊ စီးပွားရေုးတို့တွင် လမ်းသစ်ထွင်ကာ ဦးဆောင်မှုပေးခဲ့သော ထူးချွန်ထင်ရှားသူများ ဖြစ်ကြပါသည်။
ထိုသူများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လူငယ်တို့ အားကျအတုယူကာ မိမိတို့သည်လည်း မြန်မာနိုင်ငံနှင့် လူမျိုး အကျိုးကို သယ်ပိုးလိုစိတ်ရင့်သန်စေရန်၊ မွတ်စလင်ဖြစ်သည်နှင့်အညီ လူသားထုအတွက် အကျိုးပြုသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်များ ဖြစ်ကြစေရန် ရည်ရွယ်ပါသည်။
ကမ္ဘာသမိုင်းကို လေ့လာကြည့်သည့် အခါ မွတ်စလင်တို့သည် ကမ္ဘာ့ လူသားထုအား အများဆုံး အကျိုးပြုခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကျရောက်ပြီးနောက် မွတ်စလင်တို့သည် ဂရိ၊ ရောမ၊ အိန္ဒိယ၊ တရုတ်တို့၏ စာပေယဉ်ကျေးမှုများကို စုဆောင်းထိန်းသိမ်းခဲ့ကြသည်။ ပညာရပ်အသစ်များကို သုတေသနပြုပြီး တီထွင်ခဲ့ကြသည်။ ခေတ်အဆက်ဆက်တွင် အနောက်တိုင်းသား များစွာတို့သည် အတိတ်ခေတ် မွတ်စလင်တို့၏ ကမ္ဘာကို အကျိုးပြုပုံအား ဖုံးကွယ်ရန် ကြိုးစားကြသည။်
” ၅ ရာစုတွင် ရောမအင်ပါယာ ကစင့်ကလျားပြိုကွဲသွားပြီးနောက် ဥရောပတွင် အမှောင်ကျနေခိုက် ခေါမ လူ့အစည်းအရုံးအပါအဝင် လူ့အနွယ်အဝင်များ တစ်ဆက်ပြီး တစ်ဆက် နှင့် တစ်ခုပြီး တစ်ခု ထမ်းပိုး ထူထောင်ခြင်းပြုခဲ့ကြသော စာပေ အနုပညာနှင့် သဘာဝသိပ္ပံပညာရပ်များဆိုင်ရာ အရပ်ရပ်ယဉ်ကျေးမှုများကို ကောင်းစွာဆက်ခံထိန်းသိမ်းခြင်း ပြုခဲ့ကြရုံမျှ မက အံ့ဩလေးစားဖွယ်ရာ တိုးချဲ့ခဲ့ကြသူများမှာ အထက်တွင် ဖော်ပြခဲ့သော အာရပ်လူ့အစည်းအရုံးဖြစ်၏။
သို့ရာတွင် ဥရောပ သမိုင်းဆရာ အများအပြားပင် ယင်းအချက်ကို ဖုံးကွယ်ထားလေ့ရှိကြ၏။ ကိုလိုနီဝါဒနှင့် လူမျိုးရေးဝါဒများ လွှမ်းမိုးခြင်းခံရသူများ ဖြစ်သည့် အလျောက် လူ့သမိုင်း၏ အထင်ကရ မှတ်တိုင်ကြီးများကို မကြည့်နိုင် မမြင်နိုင် ကြခြင်း ဖြစ်တန်ရာ၏။ [ စာရေးဆရာ ဗန်မော်တင်အောင်၏ သဘာဝသိပ္ပံစာအုပ်။ (၁၉၇၄)။ စာ ၁၈၅-၁၈၆။ အခန်း (၈) ဥရောပ အမှောင်ခေတ်နှင့် အာရပ်ယဉ်ကျေးမှု] အာရပ်တို့သည် ဂဏန်းသင်္ချာ၊ နက္ခတ်ဗေဒနှင့် ဆေးပညာများ တတ်မြောက်ကြ၏။ ဗိသုကာအတတ်တွင်လည်း လက်ရာမြောက်ကြ၏။ အရောင်အမျိုးမျိုး အသုံးချနည်းကိုလည်း အာရပ်တို့ ကျွမ်းကျင်ကြ၏။ သကြားနှင့် စက္ကူလုပ်သော အတတ်ကို တရုတ်ပြည်မှယူ၍ အနောက်နိုင်ငံသို့ အာရပ်တို့ကပင် တင်သွင်းခဲ့ကြ၏။
ယခုအခါ ကမ္ဘာအရပ်ရပ်တွင် အသုံးပြုလျက်ရှိသော အယ်လ်ဂျီဘရာ Algebra (အာရပ် Al-jebr မှရသည်) မဂ္ဂဇင်းMagazine (အာရပ်ဘာသာ Magacen မှရသည်) စသည့် ဝေါဟာရများနှင့် 1,2,3 စသည့် ဂဏန်း အရေးသားများသည် အာရပ်တို့၏ အမွေများပင်ဖြစ်သည်။
အစ္စလာမ်သာသနာထွန်းကားသော မြို့များတွင် တက္ကသိုလ်နှင့် စာကြည့်တိုက်များကို အာရပ်တို့က တခမ်းတနား ဖွင့်လှစ်ခဲ့၏။ ဥရောပတိုက်မှ ကျောင်းသားအမြောက်အမြားပင် ထိုတက္ကသိုလ်များတွင် လာရောက် ဆည်းပူးကြသည်။ ထို့ပြင် လှပဆန်းကြယ်သော ဗလီများကို အာရပ်တို့ ကြီးစိုးရာဒေသတိုင်းတွင် တွေ့မြင်ရသည်။ စပိန်ပြည်မှ ကော်ဒိုဗား Cordoba) ဗလီ သည် စံတင်အောင် လက်ရာမြောက်သော ကမ္ဘာကျော်အဆောက်အဦးဖြစ်သည်။ အာရပ်စာဆိုတို့ ရေးသားခဲ့ကြသည့် အာရေဘီယံနိုက် (Arabian Nights))ပုံပြင်များသည်လည်း ကမ္ဘာကျော်စာပေတွင် ယနေ့တိုင် ထင်ရှားကျန်ရစ် ခဲ့၏။
Download Link များ
=> https://docs.google.com/file/d/0B3E99lCpDfC3T25SWmQtZjFmams/edit
=>https://app.box.com/files/0/f/1870755569/1/f_16428082199
=> http://www.mediafire.com/view/7t733uga75qfaxk/First_Burmese_Muslim
Subscribe to:
Post Comments
(
Atom
)
Search This Blog
MMSY Online Quran App
Content
- Article (12)
- Children (4)
- Dictionary (2)
- Ethnic (1)
- Fatwa (2)
- Guide (1)
- Hadith (8)
- Hajj (8)
- Health And Food (4)
- Hijri (1)
- History Of Masjid and Madrasah (3)
- Interfaith (2)
- Language (5)
- LifeStyles (11)
- Masjid (2)
- Muslim From Myanmar (5)
- Myanmar Muslim Organization (4)
- New Muslims (1)
- Science (1)
- Stories (2)
- Sunnah (1)
- The Holy Prophet (11)
- Workshop (1)
- ကုရ်အာန် (21)
- ဆွလာသ် (6)
- ဆွီယာမ် (6)
- ဓမ္မသတ် (4)
- ဗမက (1)
- မဇ်ဟဗ် (1)
- မြန်မာမွတ်စလင်သမိုင်း (5)
- သဂ်ျဝီးဒ် (2)
- သမိုင်း (3)
- သုတစာပေ (4)
- အစ္စလာမ့် လူမှုသိပ္ပံစာစုများ (1)
- အတ္ထုပ္ပတ္တိ (6)
- သောင်ဟီးဒ် (3)
ရည်ရွယ်ချက်
MMSY Online Library ၏ ရည်ရွယ်ချက်
၁) မြန်မာစာပေဖြင့်ရေးသားထားသော အစ္စလာမ့် ရေးရာ/ မြန်မာမွတ်စလင် သမိုင်း စာအုပ် များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် မှတ်တမ်းတင်ထားရန်၊
၂) ကမ္ဘာတဝှမ်းရှိ မြန်မာစာအသုံးပြုသော အစ္စလာမ်ဘာသာဝင်အားလုံး အစ္စလာမ်ရေးရာ စာအုပ်စာပေများ တစုတစည်းထဲ လွယ်လင့်တကူ လေ့လာနိုင်ရန်၊
၃) စာတမ်းပြုစုသူများ/ ဘာသာ စာပေလေ့လာသူများ Reference Library အနေဖြင့် အသုံးပြုနိုင်ရန်၊
စသော ရည်ရွယ်ချက်များဖြင့် MMSY Online Library ကို ပြုလုပ်ထားပါသည်။
စာအုပ်များ စုစောင်းရာတွင် ဂိုဏ်းဂဏအစွဲ၊ အဖွဲ့စွဲဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ မှတ်တမ်းထိန်းသိမ်းမှု မူဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်သည်။
အစ္စလာမ်ရေးရာ၊ မြန်မာမွတ်စလင် သမိုင်းရေးရာ စာအုပ်များ Hard Copy,Soft Copy ပေးပို့လှူဒါန်းလိုလျှင် ဆက်သွယ်နိုင်ပါသည်။
အခက်အခဲ အမျိုးမျိုးကြောင့် MMSY Online Library တွင် စုဆောင်းထားသော စာအုပ်များမှ စာရေးသူဆရာများကို အစုံအစိ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိသည့်ကို ကံယံကံရှင်များမှ နားလည်ခွင့်လွှတ်စေလိုပါသည်။့် မိမိတို့ရေးသားထုတ်ဝေသည့် စာအုပ်အား အွန်လိုင်းတွင် တင်ခြင်းကို သဘောမတူပါက အကြောင်းကြားပေးပါက ပြန်လည်ဖြုတ်သိမ်းပေးသွားပါမည်။
Blog Archive
-
2014
(186)
- December (3)
- November (1)
- October (11)
- September (1)
- August (9)
- July (10)
- June (15)
- May (32)
-
April
(65)
- တမန်တော် မိုဟမ္မဒ် (ဆွ)
- မင်းနှင့်လွှတ်တော်မှ တည်ဆောက် ခွင့်ပြုခဲ့သော ပြန်တမ...
- အလ္လာဟ်အရှင်မြတ်ကို ကျိုးကြောင်းဆင်ခြင် ခြင်းဖြင့်သ...
- ဘဟစ်ရှ်တီဇေဝရ်ကျမ်း - ဒုတိယပိုင်း
- ဘဟစ်ရှ်တီဇေဝရ်ကျမ်း - ပထမပိုင်း
- စောဒကနှင့်အဖြေ (၁) (By Dr ဇာကိရ်နိုက်)
- အစ္စလာမ် သာသနာတော်အရ ကလေးအမည်ပေးနည်း
- ကျောက်ခေတ်ဟူသည် သမိုင်းလိမ်လည်မှုတစ်ခုဖြစ်၏။
- ကျမ်းတော်မြတ် ကုရ်အာန် မြန်မာဘာသာပြန် ( ၂ အုပ်တွဲ...
- ဗုခါရီိကျမ်း မြန်မာဘာသာပြန် (၃)
- ဗုခါရီိကျမ်း မြန်မာဘာသာပြန် (၂)
- ဗုခါရီိကျမ်း မြန်မာဘာသာပြန် (၁)
- ဃာဇီအသံ အတွဲ (၂)
- ဃာဇီအသံ အတွဲ (၁)
- အစ္စလာမ်ဘာသာဝင် ကလေးသူငယ်များ အတွက် ပုံပြင်ပဒေသာ (ပ...
- ဆရာလွတ် အသုံးချ အာရဗီသဒ္ဒါ အတွဲ (၃)
- ဆရာလွတ်အသုံးချ အာရဗီသဒ္ဒါ အတွဲ (၁+၂)
- ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
- အစ္စလာမ်နှင့် သားသမီးပြုစုပျိုးထောင်ရေး
- ဘာသာပေါင်းစုံချစ်ကြည်ရေးစာတမ်း (အစ္စလာမ့်ရှုထောင့်)
- မွတ်စလင်မ်ဟူသည် အဘယ်နည်း
- အစ္စလာမ့်အေးရိပ်ဆာယာသို့ ပြန်လည်ခိုဝင်လာကြသူများ (၁)
- ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်း (အစောင် ၁ - အစောင်...
- ကုရ်အာန်ကျမ်းမြတ်၏ ထူးခြား မွန်မြတ်လှသော စူရဟ်မျာ...
- ဆူးကြားမှ ပွင့်သောနှင်းဆီပန်းများ (ကန့်ဘလူမြို့ မြ...
- အခြေခံအရဗီသဒ္ဒါ
- ကဝိပညာကျော်တို့၏ မျက်ရှုမြတ်တမန်
- ဟစ်ဂျရီခု သုတေသနစာတမ်း
- မ-အ-ဖ အကြောင်း တစေ့တစောင်း
- ဗလီဝတ်ကျောင်းတော်နှင့် ဝတ်တတ်နှိုးဆော်သံ (Article)
- မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဝင် မွတ်စလင်များ
- မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့အား ရှေးမြန်မာမ...
- တမန်တော်မြတ်၏ အိမ်ထောင်ရေးဘ၀အပေါ် စောဒကနှင့်အဖြေ
- ခြောက်ခန်းကျမ်း (ရေးသူ-ဆရာကြီး ဦးနု)
- သောင်ဟီးဒ် (Article)
- ဟဒီးဆ်သြဝါဒတော် လေးဆယ်၏ ထူးမြတ်မှုနှင့်အဓိပ္ပာယ်
- အဆိုးမြင်ဝါဒ ကုထုံး
- ကမန်မျိုးနွယ်စု သမိုင်း
- အစ္စလာမ်ဘာသာနှင့် ကလေးစောင့်ရှောက်မှု
- သမိုင်းနောက်ခံ အစ္စလာမ်ဗဟုသုတစွယ်စုံ
- ဟဂ်ျလမ်းပြ
- ဆွိယာမ်အခြေပြ
- စူရဟ်ယာစီးန် (စာကိုယ်၊ အဓိပ္ပာယ်နှင့် အဖွင့်)
- ဖြစ်ရပ်မှန်နှင့် ပညာပေး ပုံပြင်များ
- အာရဗီ-မြန်မာ အဘိဓာန် (အလစ်ဖ် - ဂျင်မ်)
- ပထမ ဗမာမွတ်စလင်များ
- ရစူလ်ကိုယ်တော်မြတ်၏ အနာဂတ်ဒေသနာကျမ်း
- မာနတရား ကုစားနည်း
- မွတ်စလင်မ် ကဖန်ဒဖန် ခေါ် မွတ်စလင်မ် သဂြိုဟ်နည်းကျမ်း
- မုစ်လင်မ်နှင့် ကတိ
- အစ္စလာမ်သာသနာတော်၏ကလေမဟ် (၇)ပုဒ်
- တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော်နှင့် ခေတ်သိပ္ပံ (ပ-တွဲ)
- ဂုစ်လ် ရေချိုးခြင်းဆိုင်ရာ ဖသ်ဝါ ဆုံးဖြတ်ချက်ကျမ်း
- အစ္စလာမ်နှင့် လူမှုဆက်ဆံရေး
- သဂ်ျဝီးဒ် ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်နည်းလမ်းညွှန်
- ရိုဇာဥပုသ်၏ အဆင့်အတန်းများ
- ဆရာတော်ကြီးဦးနု စီရင်အပ်သော ၁၆ ပိုက်လင်္ကာ နမတ်ဇခန်း
- ပျားရည်၏ ထူးခြားသည့် အာနိသင်များ
- အမေးရှိလာ ထိုအခါ
- ရမ္မာဝတီမြို့ဝန်၊ ရွှေတောင် သာဂသူဘွဲ့ရ ဂန္တဝင်မြောက်...
- ၇၈၆ ဆိုတာဘာလဲ?
- ဟဂ်ျဆိုတာဘာလဲ
- မတ်က်သဗ်ကျောင်းများ အလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၀၃)
- သွေးစည်း ညီညွတ်ကြ ရတော့မဲ့ အချိန် (Article)
- ဗမကဌာနချုပ်-နှစ်ပတ်လည် အထိမ်းအမှတ် လွတ်လပ်ရေးစာစောင်
- March (39)
Popular Posts
- ကုရ်အာန်ကျမ်းမြတ်၏ အဌကထာကျမ်း - ဒုတိယတွဲ (သုခမိန် ဟာဂျီ ဦးလူ ဘာသာပြန်)
- သမုဒ္ဒရာအောက်မှ ပုလဲလုံးများ
- ကျမ်းတော်မြတ်ကုရ်အာန် အာရဗီ-မြန်မာ(ဘာသာပြန်) MP3 အသံဖိုင်
- ဓူဝံမှသည် ဘူမိဆီသို့
- ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်း (အစောင် ၁ - အစောင် ၃၀)
- အူရ်ဒူ မြန်မာ ခက်ဆစ်ပေါင်းချုပ် (အူရ်ဒူမူရင်း+မြန်မာအသံထွက်+မြန်မာအဓိပ္ပာယ်)
- လွယ်ကူစွာ နမာဇ်ဖတ်နည်း အရဗီ၊ အသံထွက်နှင့် အဓိပ္ပါယ်
- ကျမ်းတော်မြတ် ကုရ်အာန် မြန်မာဘာသာပြန် ( ၂ အုပ်တွဲ with Bookmarks)
- တမန်တော်မြတ် မုဟမ္မဒ်(ဆွ)၏ ဆီရသ် အတ္ထုပ္ပတ္တိ ရှုထောင့် အထွေထွေနှင့် သ၀ဏ် စကား
- ဗိဒ်အသ် (Dr ဆောင်းလွင်အောင်)
Like us on facebook
© MMSY Online Library 2013 . Powered by Bootstrap , Blogger templates and RWD Testing Tool
No comments :
Post a Comment